Friday 30 November 2012

လူ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင်ထား


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆိုနေကြသော ဝမ်ပေါင်
ကုမ္ပဏီရုံးရှေ့မှ ပင်မ သပိတ်စခန်းကို ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့၍ သံဃာအပါး ၃၀ မှာ မုံရွာဆေးရုံကြီးတွင် တင်ထားကုသမှုခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့်အခြေအနေကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင်သွားရသည်။
 ဆေးရုံမတင်ရသော်လည်း သံဃာ အပါး ၅၀ နှင့် လူ ၅ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။
 “စစချင်း တိုင်ကီတွေ တင်ထားတဲ့ ရေပိုက်တွေနဲ့ ထိုးတယ်။ နောက်တော့ ပစ်တယ်။ ပစ်တဲ့လက်နက်ကတော့ ဘာဆိုတာ တိတိပပ အဖြေထွက်မလာသေးဘူးဗျ။ ဒေသခံတွေကတော့ မီးလောင်ဗုံးလို့ ပြောတယ်။ အဲဒီ မီးတွေနဲ့ ပစ်တယ်တဲ့။ ဖုန်းကနဲ အသံကြားပြီးတော့ မီးခိုးတွေ ထွက်လာပြီး မီးလောင်တာတဲ့။ သူတို့သိလိုက်တာက ခြောက်ချက် ခုနှစ်ချက်လောက်ပဲ။ အဲလိုဖြစ်တဲ့အချိန်မှာ ဘာမှလည်း မမြင်ရတော့ဘူးတဲ့။ ဝရုန်းသုန်းကားနဲ့ ပြေးကြတာ” ဟု ဆိုသည်။
 ရရှိခဲ့ကြသောဒဏ်ရာများနှင့်ပတ်သက်၍ “မီးလောင်သလိုမျိုး အကွက်။ အဖုလည်း မဟုတ်ဘူး။ ပြန်ပွတ်လိုက်တဲ့အချိန်မှာ အဲလိုဖြစ်သွားတာတဲ့” ဟု ပြောသည်။

 သပိတ်မှောက် သံဃာများထဲမှ ၁၀ ပါး ပျောက်ဆုံးနေကြောင်းလည်း သိရှိရသည်။

 သပိတ်စခန်းမှာ မီးလောင်ကျွမ်းသွားပြီး ယခုအခါ ပုသိမ်-မုံရွာ ကားလမ်း၏ ဝမ်ပေါင်ကုမ္ပဏီဝင်းကို သံဆူးကြိုးများဖြင့် နှစ်ဖက်ပိတ် ကာထားကြသည်။ လုံခြုံရေးများလည်း ချထားပြီး ဒိုင်းများ၊ တုတ်များအပြင် သေနတ် တို/ရှည်များလည်း ကိုင်ဆောင်ထားကြသည်။




လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းများအား ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဒဏ်ရရှိသွားသည့် သံဃာတပါးအား ဆေးရုံသို့ပင့်ဆောင်ရန် မချီလာကြသည်ကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က တွေရစဉ်။ 
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

No comments:

Post a Comment