ကဗျာရေးသူက "သော်ဇင်အုန်း" ကဗျာနံမည်က "ဧရာဝတီ" အကြောင်းအရာက "ဧရာဝတီရဲ. ရှည်လျားခမ်းနားတဲ့သမိုင်း" ကောင်းလိုက်တဲ့ ကဗျာ။
ဧရာဝတီ
=====
စီးနေတာ
ဟောဒီ မြန်မာပြည်လို့ အမည်နာမ မစခင်ကတည်းက
စီးနေတာ
မေခ မေလိခ မြစ်ဆုံမှ ပင်လယ်ဝသို့
ကမ္ဘာမှာ မြန်မာ ဟေ့ လို့
စီးနေတာ
မြစ်ကြီးနား ဗန်းမော် ကသာ စစ်ကိုင်း မန္တလေး ပခုက္ကူ
ညောင်ဦး ချောက် မင်းဘူး မကွေး အောင်လံ ပြည်
ဟင်္သာတ ဇလွန် ဓနုဖြူ
မြစ်ဝကျွန်းပေါ်
စီးနေတာ
ပထမနိုင်ငံတော် ဒုတိယနိုင်ငံတော် တတိယနိုင်ငံတော်
ကမ္ဘာကမော်ကြည့်ခဲ့ရတဲ့
အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား
မင်းကောင်းမင်းမြတ်ကြီးများနဲ့အ တူ
စီးနေတာ
ဗိုလ်ချုပ်ကြီးမဟာဗန္ဓုလရဲ့ ဓနုဖြူခံတပ်နဲ့အတူ
စီးနေတာ
ရ န္တပိုနဲ့အတူ
စီးနေတာ
အင်းဝ သပြေတန်း ဂွေးချောင်း မင်းလှ ခံတပ်ကြီးများနဲ့အတူ
ရေနန်းစင်္ကြာ နဲ့ အတူ
စီးနေတာ
သတ္တိပြည့်စုံလျက် နည်းပညာညံ့ခဲ့လို့ ကိုယ်ထီးကိုယ့်နန်းကို
အရှင်နှစ်ပါးကို
ပတ္တမြားငမောက်ကို
လက်လွှတ်ဆုံးရှုံးရ
ကျွန်သဘောက်ဘ၀မျက်ရည်တွေနဲ့
စီးနေတာ
သံဃာတော်တော်တွေရဲ့ ထေရ၀ါဒ စာသင်တိုက်များရှိတဲ့ ပခုက္ခူနဲ့
စီးနေတာ
မန္တလေး မန္တလေး မန္တလေး
မြန်မာဟာ မြန်မာဆိုတဲ့မြန်မာတို့ရဲ့ မန္တလေး
အာဇာနည်၁၇နှစ်ယောက်ရဲ့ သွေးတွေနဲ့ မန္တလေး
ထီးနန်းမြို့ရိုး ကျုံးတွေနဲ့ မန္တလေး
မုနိရှင်တော်ရဲ့ မျက်နှာတော်သစ်ချိန်နဲ့ မန္တလေး
ဦးခန္တီရဲ့ မန္တလေး
ကုသိုလ်တော်ကျောက်စာတိုက်နဲ့ မန္တလေး
မြန်မာရာဇ၀င်ရေးရင်မပါလို့မရတဲ့ မန္တလေးနဲ့အတူ
စိးနေတာ
ပခုံးနှစ်ဘက်ကြားခေါင်းပေါက်တာချင်းတူပေမယ့်
လူ့စွမ်းရည်သတ္တိချင်းကွဲ
ငထွေရူး ငလုံးလက်ဖယ် ညောင်ဦးဖီး ကျန်စစ်သား
ဂျွန်းကျူးကျော်သူများကို
၎ယောက်အားနဲ့တိုက်ခိုက်နိုင်ခဲ့
လက်ရုံး နှလုံး သတ္တိအပြည့် သူရဲကောင်းစစ်သူကြီးများနဲ့အတူ
စီးနေတာ
မဟာဂရုဏာတော်ရှင်
ဗုဒ္ဓရဲ့အဆုံးအမနဲ့တရားကျင့်သူတော်စင်များ
အံ့ဖွယ်ခြင်္သေ့နှစ်ကောင်
မင်းဖြုမှန်မှန်ပြော မင်ကွန်းခေါင်းလောင်း
သဘာဝအတိုင်းလှပနေတဲ့ စစ်ကိုင်းတောင်တန်းတွေနဲ့
စီးနေတာ
ကိုယ့်မြေကရတဲ့ ကိုယ့်ရေနံ ကိုယ်ပိုင်ဆိုင်ခွင့်မရ
ဘ၀ကို ၁၀ပေပတ်လည်အခန်းကျဉ်းလေးထဲမှာ
အကျဉ်းချခံထားရသလို
အစာရေစာမလောက်မငှ ရေနံမြေလုပ်သားများ
အင်္ဂလိပ်နယ်ချဲ့ချောက်ခြားသွား
ရေနံချောင်း ချောက်မှအစပြု
သခင်ဖိုးလှကြီးဦးဆောင်မှု
ရေနံမြေသပိတ်
၁၃၀၀ပြည့်အရေးတော်ပုံ
ရန်ကုန်ကိုချီတက်ကြဟေ့
မြင်းခွါသံတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်
သခင်ဗဟိန်းရဲ့ ရဲရဲတောက်စကားတွေနဲ့အတူ
စီးနေတာ
အရှင်မြတ်ရဲ့ကိုယ်ပွါး ဥဒ္ဒိသကို ကြေးသားလို့မြင်
ဘုရင်မအတွက်လက်ဆောင်တဲ့
အင်္ဂလန်ကို သယ်သွားလိုက်ကြတာ
ဝိတိုရိယ နေလို့မရ ခေါင်းခဏခဏကိုက်
ပြန်ပို့လိုက်ကြတော့
ပြန်ပို့လိုက်ကြတော့
ပြန်ပို့လိုက်ကြတော့
နယ်ချဲ့တွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့
ဟင်္သာတနဲ့ဇလွန်ကြားရေပြင်ပေါ်မှာချထားခဲ့
အရှင်မြတ်စံပါယ်ချင်ရာကိုအဓိဌာန်ကြ
ကမ္ဘာ့အံ့ဖွယ် ဇလွန်ပြည်တော်ပြန်ဘုရားနဲ့အတူ
စီးနေတာ
ကိုအောင်ဆန်းကို ၀ရမ်းထုတ်တော့
သင်္ဘောနဲ့ခိုးထုတ်ရင်း
စီးနေတာ
ထူးအိမ်သင်က ရာဇ၀င်များရဲ့သတို့သမီး တဲ့
အသင်ဟာ
ကျွန်ုပ်တို့ မြန်မာပြည်သားတို့ရဲ့ အရှင်
အသင်ဟာ
မြန်မာပြည်ရဲ့ အရှင်သခင်…..
(သော်ဇင်အုန်း)

မင်းကောင်းမင်းမြတ်ကြီးများနဲ့အ

မြန်မာရာဇ၀င်ရေးရင်မပါလို့မရတဲ့
စိးနေတာ
ပခုံးနှစ်ဘက်ကြားခေါင်းပေါက်တာခ
လူ့စွမ်းရည်သတ္တိချင်းကွဲ
ငထွေရူး ငလုံးလက်ဖယ် ညောင်ဦးဖီး ကျန်စစ်သား
ဂျွန်းကျူးကျော်သူများကို
၎ယောက်အားနဲ့တိုက်ခိုက်နိုင်ခဲ့
လက်ရုံး နှလုံး သတ္တိအပြည့် သူရဲကောင်းစစ်သူကြီးများနဲ့အတူ
စီးနေတာ
မဟာဂရုဏာတော်ရှင်
ဗုဒ္ဓရဲ့အဆုံးအမနဲ့တရားကျင့်သူတေ
အံ့ဖွယ်ခြင်္သေ့နှစ်ကောင်
မင်းဖြုမှန်မှန်ပြော မင်ကွန်းခေါင်းလောင်း
သဘာဝအတိုင်းလှပနေတဲ့ စစ်ကိုင်းတောင်တန်းတွေနဲ့
စီးနေတာ
ကိုယ့်မြေကရတဲ့ ကိုယ့်ရေနံ ကိုယ်ပိုင်ဆိုင်ခွင့်မရ
ဘ၀ကို ၁၀ပေပတ်လည်အခန်းကျဉ်းလေးထဲမှာ
အကျဉ်းချခံထားရသလို
အစာရေစာမလောက်မငှ ရေနံမြေလုပ်သားများ
အင်္ဂလိပ်နယ်ချဲ့ချောက်ခြားသွား
ရေနံချောင်း ချောက်မှအစပြု
သခင်ဖိုးလှကြီးဦးဆောင်မှု
ရေနံမြေသပိတ်
၁၃၀၀ပြည့်အရေးတော်ပုံ
ရန်ကုန်ကိုချီတက်ကြဟေ့
မြင်းခွါသံတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်
သခင်ဗဟိန်းရဲ့ ရဲရဲတောက်စကားတွေနဲ့အတူ
စီးနေတာ
အရှင်မြတ်ရဲ့ကိုယ်ပွါး ဥဒ္ဒိသကို ကြေးသားလို့မြင်
ဘုရင်မအတွက်လက်ဆောင်တဲ့
အင်္ဂလန်ကို သယ်သွားလိုက်ကြတာ
ဝိတိုရိယ နေလို့မရ ခေါင်းခဏခဏကိုက်
ပြန်ပို့လိုက်ကြတော့
ပြန်ပို့လိုက်ကြတော့
ပြန်ပို့လိုက်ကြတော့
နယ်ချဲ့တွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့
ဟင်္သာတနဲ့ဇလွန်ကြားရေပြင်ပေါ်မှာခ
အရှင်မြတ်စံပါယ်ချင်ရာကိုအဓိဌာန
ကမ္ဘာ့အံ့ဖွယ် ဇလွန်ပြည်တော်ပြန်ဘုရားနဲ့အတူ
စီးနေတာ
ကိုအောင်ဆန်းကို ၀ရမ်းထုတ်တော့
သင်္ဘောနဲ့ခိုးထုတ်ရင်း
စီးနေတာ
ထူးအိမ်သင်က ရာဇ၀င်များရဲ့သတို့သမီး တဲ့
အသင်ဟာ
ကျွန်ုပ်တို့ မြန်မာပြည်သားတို့ရဲ့ အရှင်
အသင်ဟာ
မြန်မာပြည်ရဲ့ အရှင်သခင်…..
(သော်ဇင်အုန်း)

No comments:
Post a Comment