Wednesday, 19 September 2012

မန်း အကျဉ်းထောင်မှ လွတ်မြောက် နိင်ငံရေးအကျဉ်းသားများ စာနယ်ဇင်းရှင်း




မန္တလေး-စက်တင်ဘာ၁၉

မန္တလေးအိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိင်ငံရေးအကျဉ်းသားများ
စာနယ်ဇင်းရှင်းပွဲကို စက်တင်ဘာ၁၈ရက် ညနေက မန္တလေး လမ်းရ၈၊၃၀နှင့်၃၁လမ်းကြား မင်းသီဟ ဆိုင်တွင်ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင်
လွတ်မြောက်လာသော သံယာတော်၁၁ပါးကို နိင်/ကျဉ်းအဖွဲ့က အလှူငွေများ
ပေးအပ်ခဲ့ကြောင်းသိရသည်။
နိင်ငံတော်သမ္မတ လွတ်ငြိမ်းခွင့်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၅၁၄ဦးအား စက်တင်ဘာ၁၇ရက်ညပိုင်းမှ
စ၍်လွှတ်ပေးခဲ့ရာ မန္တလေးအိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ၄၇ဦးအနက် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့သော သံယာတော်၂၂ပါး ပါဝင်ကြောင်းသိရသည်။
တစ်နိင်ငံလုံးတွင် နိင်ငံရေးအကျဉ်းသား၃၅၀ကျော်ရှိနေပြီးလက်ရှိတွင်၂၅၀ကျော်လွတ်
မြောက်ရန် ကျန်ရှိနေသေးကြောင်း နိင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတိုးကျော်လှိုင်ကပြောသည်
 

No comments:

Post a Comment