Saturday, 15 September 2012

အ၀ီစိသွားကြမယ့်လူသားတွေ


by Victor Tan on Saturday, September 15, 2012 at 6:31am ·
အ၀ီစိသွားကြမယ့်လူသားတွေ


တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော် တမ်းရိုက်ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော အစ္စလာမ်ဘာသာဝင်အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ အမေရိကန်သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။



ယီမင်နိုင်ငံမြို့တော် ဆနာမြို့ရှိ အမေရိကန်သံရုံးဂိတ်ပေါက်အား ဆန္ဒပြသူတို့ကျော်ဖြတ်ရန်ကြိုးစားကြစဉ်။




နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင် အစ္စလာမ်ဘာသာဝင် ၅၀၀၀ကျော်ခန့်သည်အမေရိကန်သံရုံအားဆန္ဒပြရင်း ပြင်းထန်စွာတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြသည်။ ဆန္ဒပြလူငယ် ၁၀ယောက်ခန့်သည်လုံခြုံရေးရဲတို့ကိုကျော်ဖြတ်ပြီး အမေရိကန်သံရုံးဂိတ်ပေါက်အားချိုးဖျက်ရန်ကြိုးစားခဲ့သော်လည်း လုံခြုံရေးရဲတို့မှ ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။ ဆန္ဒပြသူများပြင်းထန်လာမှုကြောင့်လုံခြုံရေးရဲများက မိုးပေါ်ထောင်သေနတ်ပစ်ပေါက်ခြင်း၊မျက်ရည်ယိုဗုံးများဖြင့် တားဆီးခဲ့ရသည်။

နယူးယောက်စံတော်ချိန်မနက် ၅နာရီ၊၃၇မိနစ်။ – အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်တွင် ဆန္ဒပြသူရပေါင်းများစွာက အမေရိကန်သံရုံးအား တမန်တော်မိုဟာကိုဆော်ကားထားသည့်ကားရုပ်ရှင်ဇာတ်လမ်းတိုအတွက် ဒုတိယနေ့မြောက်အဖြစ်ဆက်လက်ဆန္ဒပြခဲ့ကြသည်။ အဓိဂရုဏ်နှိမ်နှင်းရေးအဖွဲ့ဝင်တို့မှ မျက်ရည်ဗုံးခွဲ၍တားဆီးခဲ့ရသည်။ မွတ်ဆလင်သွေးစည်းညီညွတ်ရေးညီနောင်များအဖွဲ့မှ မနက်ဖြန်သောကြာနေ့တွင် တနိုင်ငံလုံးဝတ်ပြုဆုတောင်းပြီး ဆန္ဒပြကြရန်လှုံဆော်ထားသည်။

နယူးယောက်စံတော်ချိန်မနက် ၆နာရီ၂၂မိနစ်။ – အီရန်နိုင်ငံမြို့တော်တီဟီရန်မြို့တွင် အမေရိကန်သံရုံးဖွင့်လှစ်မထား သော်လည်း အမေရိကန်နိုင်ငံကိစ္စဖြေရှင်းပေးသည့် ဆွစ်ဇာလန်နိုင်ငံသံရုံးရှေ့တွင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးရဲများစောင့်ကြပ်မှုကြောင့်အကြမ်းဖက်ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ယမန်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင် အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် နိုင်င်ငံအသီးသီးရှိ အမေရိကန်သံရုံးများအားလုံး အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်ထားရန် အမေရိကန်သမ္မတ အိုဘားမားက အရေးပေါ်ထုတ်ပြန်ကြေညာလိုက်သည်။ Aung pan

ဒေါင်းမာန်ဟုန်မှသတင်းကိုကူးယူဖေါ်ပြလိုက်ပါကြောင်း…။


အ၀ီစိသွားကြမယ့်လူသားတွေ

ဘာမဟုတ် ညာမဟုတ်တဲ့
အပျော်တမ်းလုပ်ပြီးရိုက်ခဲ့တဲ့
ဗွီဒီယ်ုဇာတ်ထုတ်ကို
အကြောင်းလုပ်ပြီး ဆူပူအုံကြွ
သူပုန်ထ ဆန္ဒတွေပြ
လုံးဝလူမဆန် တယူသန်စိတ်
ယိုဖိတ်ပြီး ထိုးမယ်ကြိတ်မယ်
သတ်မယ် ဖြတ်မယ် မိုက်ဇာတ်တွေခင်း
အတင်းအဓမ္မ ရိုင်းရိုင်းပြပြ
လူတွေသတ် မီးတွေရှို့
လူလို့တောင်မထင်တဲ့…
ဆူဒန်မှ အစ္စလမ်ဘာသာဝင်တွေ
အမြင်အောက်ကျ ဒေါသူပုန်တွေထ
အမေရိကန်သံရုံးတွေ မီးလိုက်ရှို့ကြ
ကယ်မခဲ့တဲ့ ကျေးဇူးတရား
လုံးဝ မထောက်ထား ကြောက်စရာပါလား
စဉ်းစားဥာဏ်နည်း ဒေါသတွေကဲ
သရဲလိုလူစား ငရဲသို့သာလားမှာ  မမှား…။


ဘယ်ဘာသာတရားမဆို
မကောင်းတာကို အားပေးမထား
တရားမကိုက် ဘုရားမကြိုက်တာတွေ
ပွေလိမ်ကာ တကယ်ရှုပ်
မဟုတ်တာလုပ်ခဲ့လို့ အမှုပွေ
လူ့ပြေ(ပြည်)ကိုအလည်တခေါက်
ရောက်ခဲ့တဲ့ဧည့်သည်တွေ
ဧည့်သည်လိုနေပါလား…။

အနေမတတ် မိုက်ဇာတ်တွေခင်း
ကိုယ့်သေတွင်းကိုယ်တူး
ကိုယ့်အစူး ကိုယ်စူး
မူးမူးမိုက်မိုက် အရူးတသိုက်တွေ
ရှူးတိုက်ပြီးသေ..သေသော်မသွေမိ
အဖြေတကယ်ရှိ အ၀ိစိသာရောက်ကြလေတော့မှာ
အို...မသာတွေ…ခံကြပါတော့ဟေ…။

တက္ကသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၁၄ ၂၀၁၂)

No comments:

Post a Comment