Monday, 3 September 2012

မှန်ကန်သော သစ္စာ

စက်တင်ဘာလ (၁) ရက် ၂၀၁၂ နေ့က ဖြန့်ချီသော မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ နေမျိုးဇင် စီစဉ်သည့် မနက်ဖြန်တွေ ငြိမ်းချမ်းစေ တေးစီးရီးမှ ပထမ ပုဒ်ဖြစ်သည်။ မှန်ကန်သော သစ္စာ ဟု အမည်ပေးထားပြီး။ တေးဆို သက်ပိုင် ဖြစ်ပါသည်။ တေးရေး သားဖေထင် ။ တီးခတ် ၀င်းကျော် (GTX) ။ ဘေ့စ် ဂီတာ မြတ်မိုး (PRO) ဖြစ်သည်။ သီချင်းခွေများ မှာယူလိုပါက ကိုနေမျိုးဇင် ဖုန်း 0949328559 ။ 09450058276 နှင့် facebook
http://www.facebook.com/nyitoenyein တွင် ၀င်ရောက် မှာကြားနိုင်ပါသည်။

 တခွေလျှင် ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖြစ် ကျပ်ငါးရာဖြင့် ဖလှယ် ပေးမည်ဖြစ်ပါသည်။
သီးသန့် ရန်ပုံငွေ ပေးပို့လိုပါလျှင် ကမ္ဘောဇဘဏ် (သင်္ဃန်းကျွန်း ဘဏ်ခွဲ) အကောင့်နံပတ် 0271210138289 သို့လည်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် ပေးပို့ လှူဒါန်းနိုင်ပါသည် ။
ရိုးဖြောင့် တည်ကြည်စွာ ပြည်သူ့ဘ၀ မြင့်မားလုံခြုံစေရေး အကောင်အထည်ဖေါ်နေသည့် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် သို့ ပြည်သူလူထု အနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်လေ့လာ စေလိုပါသည်။
အကြား အသိ အမြင် သတင်းများအရ မိမိတို့ လူငယ်များဧ။် နိုင်ငံ့အရေး ထမ်းရွက်မှုများ လုပ်ဆောင် အကောင်အထည်ဖေါ်နေမှုများသည် ယုံကြည်သည် စိတ်ချရသည်ဟု ယုံကြည်ပါက ရှေ့ဆက် ခရီးများ အတွက် ကူညီပံ့ပိုးပူးပေါင်းလုပ်ဆောင်ချက်များဖြင့် အမိနိုင်ငံတော်အတွက် သမိုင်းပေး တာဝန်များ အတူတူ ကျေပွန်စွာ ထမ်းရွက်နိုင်ရေး ဖိတ်ခေါ်ပါသည်။
မိမိတို့ ကွန်ယက်မှ အရည်အချင်း သတ်မှတ်ထားချက် တခုသာ ရှိပါသည်။
ရိုးသားစွာ ရဲရင့်မှုဖြင့် အမိမြေကို တိုးတက်စေလိုသော စိတ်ထားရှိသည့် မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပါသည်။
ရိုးသားစွာဖြင့် အမိမြေအတွက် ရဲရင့်သူ မည်သူနှင့် မဆို လက်တွဲ လူပ်ဆောင်သွားမည်ဖြစ်ပါသည်။

No comments:

Post a Comment