ဘေဂျင်း၊ စက်တင်ဘာ - ၁၅
ဂျပန်အစိုးရက ဝယ်ယူရန် ကြိုးပမ်းလျက် ရှိသည့် တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသော ကျွန်းများ အနီးသို့ တရုတ် စစ်သဘောင်္ ၆ စင်း ဝင်ရောက်သွား
ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကင်းလှည့် စစ်သဘောင်္များသည် တရုတ် အခေါ် ဒိုင်အိုယု ဂျပန်အခေါ် ဆန်ကကု ဟုခေါ်သော ကျွန်းများတွင် တရားဥပဒေ စိုးမိုးမှုရှိေ
စရန် လှည့်လည် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများကို ဂျပန်လူမျိုး ပိုင်ရှင်များ ထံမှ ဂျပန်အစိုးရက ဝယ်ယူရန် ကြိုးပမ်းခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့ စစ်သဘောင်္များ စေလွှတ်လိုက်ခြင်းလည်း ဖြစ်သည်။
လောလောဆယ် အချိန်တွင် အဆိုပါ ပိုင်နက် အငြင်းပွား ကျွန်းများမှာ ဂျပန် အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိပြီး တရုတ်နှင့် ထိုင်ဝမ်တို့ကလည်း အဆိုပါ ကျွန်းများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။
ယင်းဒေသ စံတော်ချိန် ၆ နာရီ ၁၈မိနစ်တွင် တရုတ်စစ်သဘောင်္ နှစ်စင်း စတင် ဝင်ရောက်လာခဲ့ပြီး ဒေသ စံတော်ချိန် ၇ နာရီတွင် နောက်ထပ် စစ်သဘောင်္ ၄ စင်း ထပ်မံ ဝင်ရောက် လာကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ကပြောကြားသည်။
ထို့နောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က သတိပေးမှု ပြုလုပ် ခဲ့ပြီးနောက် တရုတ် စစ်သဘောင်္ နှစ်စင်းမှာ အဆိုပါ ပိုင်နက် အငြင်းပွား ဧရိယာမှ ပြန်လည် ထွက်ခွါသွားကြောင်း၊ မည်သည့် အင်အားသုံး တိုက်ခိုက်မှုမျှ မပြုလုပ်ခဲ့ကြောင်း ဂျပန်အစိုးရ တာဝန် ရှိသူများက ပြောကြားသည်။
တရုတ် စစ်သဘောင်္များ အဆိုပါ ပင်လယ်ပြင် ဧရိယာသို့ ရောက်ရှိသွားခြင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။
တရုတ်နှင့် ဂျပန်တို့၏ အဆိုပါ ပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ခေါင်းအေးအေးထား ဖြေရှင်းကြရန် လွန်ခဲ့သော ရက်ပိုင်း အတွင်းက အမေရိကန် အစိုးရက တိုက်တွန်း ထားသည်။
Credit : The Voice Daily

No comments:
Post a Comment