Saturday, 25 May 2013

ဂျပန်ဝန်ကြီးချုပ်ခရီးစဉ်

ဂျပန်ဝန်ကြီးချုပ်ခရီးစဉ်


စနေလင်း၊ မေ ၂၅၊ ၂၀၁၃

ဂျပန်ဝန်ကြီးချုပ် မစ္စတာ Shinzo Abe ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် အဖွဲ့သည် ယနေ့ မနက်ပိုင် တွင် မြန်မာနိုင်ငံက အများပိုင် စီးပွားရေး လုပ်ငန်းစုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ Mitsubishi ကုမ္ပဏီ အပါအ၀င် ဂျပန် စီးပွားရေး ကုမ္ပဏီ ၃ ခုနှင့် မြန်မာနိုင်ငံမှ အများပိုင် ကုမ္ပဏီ ၉ ခု စုပေါင်း ထားသော စီးပွားရေးလုပ်ငန်းစုနှင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သံလျင်မြို့နယ်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန် ခန်းမ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
`` စီမံကိန်း အောင်အောင်မြင်မြင်နဲ့ လုပ်ဖို့ ဂျပန်နိုင်ငံကို ကတိပေးလိုက်ပါတယ်။ ဆောင်ရွက်တဲ့နေရမှာလည်း ဒေသခံ၊ မြန်မာနိုင်ငံက ပြည်သူလူထုတွေ၊ နိုင်ငံသားတွေ အားလုံးအတွက် ပြည့်ဝဖွံ့ဖြိုးဖို့ကို အလေးထားဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်`` ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ဥက္ကဌ ဦးဝင်းအောင်က လက်မှတ် ထိုးပွဲအပြီးတွင် ပြောသည်။
အဆိုပါ စီးပွားရေးဇုံတွင် ၂ နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စွမ်းအင်ဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယခုနှစ် အောက်တိုဘာလအတွင်း တည်ဆောက်မှုများကို စတင်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ဂျပန်နိုင်ငံမှ ကိုယ်စားပြု လက်မှတ်ရေးထိုးသော စီးပွားရေးလုပ်ငန်းရှင်မှလည်း စီမံကိန်းနှင့် ပက်သက်သော သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လေ့လာတိုင်းထွာရန် နည်းပညာပိုင်းများကို ပံ့ပိုးကူညီသွားမည့်အကြောင်း ပြော ကြားခဲ့သည်။
အဆိုပါ သီလ၀ါ စီမံကိန်းနှင့် ပက်သက်ပြီး ဒေသခံလူထုအတွင်းမှ စီမံကိန်းအပေါ် ဆန့်ကျင်တာမျိုး လုံးဝမရှိကြောင်း၊ သို့ရာတွင် ၎င်းတို့၏ နစ်နာချက်များအပေါ် လစ်လျူရှုမှု မပြုလုပ်ရန်တောင်းဆိုကြကြောင်း မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း နှင့် ရင်းနှီးမြုပ်နှံမှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က ဆိုသည်။
၎င်း စီမံကိန်း အောင်မြင်နိုင်သည့် အရေးကြီးဆုံးသည် အစိုးရ ၂ ရပ် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ထို့အပြင် ဒေသခံ၊ နိုင်ငံ၏ ပြည်သူလူထုနှင့် ရင်းနှီးမြုပ်နှံသူများ အားလုံး အဆင်ပြေစေရန်မှာ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ပြီး အခွင့်အလမ်း များပေါ်သော်လည်း ဒေသခံများ လက်လှမ်းမီစေရန် လူသားဖွံ့ဖြိုးမှု နည်းပညာနှင့်ပက်သက်ပြီး သင်တန်းများ စီမံပေးလျှင် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။
`` သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုတွေ နည်းနိုင်သမျှ နည်းအောင် လုပ်တဲ့ နည်းပညာတွေ ဖြန့်ဝေပေးမယ် ဆိုရင် ဒီစီမံကိန်းက အောင်မြင်မယ့် စီမံကိန်းတစ်ခုဖြစ်ဖို့ဆိုတဲ့ အချက်တစ်ခုဖြစ်တယ် `` ဟု ၎င်းက ပြောသည်။
ဂျပန်ဝန်ကြီးချုပ် မစ္စတာ Shinzo Abe သည့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်သို့ သွားရောက်ကာ မြန် မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို သွား ရောက် ဂါဝရပြုကာ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုဿာန်ရှိ ဂျပန်စစ်သချိ င်္ုင်းသို့ သွားရောက်ခဲ့သည်။
ထို့နောက် သံလျင်မြို့နယ်၊ ထမလုံအနီးရှိ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့သော အခြေခံပညာ မူလတန်းသို့သွားရောက်ပြီး ကျောင်း သားကျောင်းသူများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံခဲ့သည်။
ထို့အပြင် အဆိုပါကျောင်းဝင်းအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများနှင့် ဒေသခံ ကျောင်းသား၊ ကျောင်းသူများနှင့် တစ်ဖက်၊ ဂျပန်ဝန်ကြီးချုပ်နှင့် လိုက်ပါလာသော တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက တစ်ဖက် ဖြင့် လွန်ဆွဲပွဲ ကျင်းပခဲ့သည်။
`` ဒီလွန်ဆွဲပွဲက ဂျပန်တို့ရဲ့ ရိုးရာ ဓလေ့ပါ။ အားလုံးက စည်းလုံးညီညွတ်တယ်၊ အသင်းအဖွဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာ ပြသဖို့ ဒီလိုပွဲမျိုး ကျင်းပတာပါ`` ဟု ဂျပန်ဝန်ကြီးချုပ်နှင့် လိုက်ပါလာသော လုံခြုံရေး ဗဟိုစည်းမှ တာဝန်ရှိသူ ဂျပန်လူမျိုး တစ်ဦးက ဧရာဝတီကို ရှင်းပြသည်။
ယနေ့ နေ့လည်ပိုင်းတွင်လည်း ဂျပန်ဝန်ကြီးချုပ်က UMFCCI တွင်ကျင်းပသော ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင် ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက် နှုတ်ခွန်းဆက်သခဲ့သည်။
ထို့နောက် ချယ်ထရီယံ ဟိုတယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။
မေလ ၂၆ ရက်တွင် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ မည်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း   ဧရာဝတီ

ပြန်လည်မျှဝေပါတယ်
25.5.2013

No comments:

Post a Comment